← All Articles

Web Development

ကိုယ့် Website တွေ ခဏခဏ Down နေလို့ Uptime Kuma နဲ့ Telegram Alert စမ်းကြည့်ခဲ့တယ် 🚀

ဘုဏ်းခသူ

ကိုယ်ပိုင် Website တွေကို Online ပေါ်တင်ထားတဲ့အခါ စိတ်ပူရတာတစ်ခုက Website တွေ Down ဖြစ်သွားတာပါပဲ။

တစ်ခါတလေ ကိုယ်တိုင် Website ဝင်ကြည့်မှ ဖွင့်မရတော့တာကို သိရတယ်။ အဲဒီအခါကျမှ Server ထဲဝင်၊ Log တွေစစ်ပြီး ပြဿနာကို လိုက်ရှာရတာမျိုးတွေ ကြုံရတတ်တယ်။

အဲဒါနဲ့ စဉ်းစားမိတယ်။ Website တွေကို အလိုအလျောက် စောင့်ကြည့်ပေးပြီး Down ဖြစ်တာနဲ့ Telegram ကနေ လှမ်းအကြောင်းကြားပေးမယ့် Tool မရှိဘူးလားပေါ့။

လိုက်ရှာကြည့်ရင်း Uptime Kuma ဆိုတဲ့ Open-source Monitoring Tool ကို တွေ့ခဲ့တယ်။ စိတ်ဝင်စားသွားတာနဲ့ ကိုယ့် Server ပေါ်မှာ Docker နဲ့ Install လုပ်ပြီး စမ်းကြည့်ဖြစ်ခဲ့တယ်။

Uptime Kuma က ဘာလုပ်ပေးနိုင်လဲ?

အလွယ်ပြောရရင် ကိုယ့် Website တွေ အလုပ်လုပ်နေသလားဆိုတာကို အလိုအလျောက် စစ်ဆေးပေးတဲ့ Tool တစ်ခုပါ။

Website တွေရဲ့ Status၊ Uptime၊ Response Time တွေကို Dashboard တစ်ခုတည်းမှာ ကြည့်နိုင်သလို SSL Certificate နဲ့ Domain သက်တမ်းကုန်ဆုံးမယ့်ရက်တွေကိုလည်း စောင့်ကြည့်နိုင်တယ်။

ကျွန်တော်ကတော့ ကိုယ့် Website လေးခုကို Monitor အဖြစ် ထည့်ထားပြီး ၆၀ စက္ကန့်ခြားတစ်ကြိမ် စစ်ဆေးဖို့ သတ်မှတ်ခဲ့တယ်။ အခုဆို Website တစ်ခုချင်းစီကို လိုက်ဖွင့်ကြည့်နေစရာမလိုဘဲ Dashboard ကနေ အခြေအနေကို ကြည့်နိုင်ပြီ။

Telegram Alert လည်း ချိတ်ကြည့်တယ်

Uptime Kuma မှာ Telegram Notification ပါတယ်ဆိုတော့ ပိုပြီး သဘောကျသွားတယ်။ Website Down ဖြစ်တာနဲ့ Telegram ကနေ Message ရောက်လာမယ်ဆိုရင် တော်တော်အဆင်ပြေမှာပဲလေ။

ဒါနဲ့ Telegram Bot ဖန်တီးပြီး Uptime Kuma နဲ့ ချိတ်ဆက်လိုက်တယ်။ Test Message ပို့ကြည့်တော့ Telegram ထဲကို Message ရောက်လာတယ်။

ဒါပေမဲ့ Test Message ရောက်တာနဲ့ မရပ်ဘဲ Website တကယ် Down ဖြစ်တဲ့အခါ Alert ပို့နိုင်မလားဆိုတာပါ စမ်းကြည့်ချင်လာတယ်။

စမ်းကြည့်တော့ ထင်ထားသလို မလွယ်ဘူး 😅

Website ရဲ့ Nginx Container ကို ခဏရပ်ပြီး စမ်းကြည့်တဲ့အခါ Telegram Alert ချက်ချင်းမရောက်လာဘူး။ Dashboard မှာ Pending ပြနေပြီး Server Log ထဲမှာလည်း 502 Error နဲ့ Retry လုပ်နေတဲ့ မှတ်တမ်းတွေ တွေ့ရတယ်။

ဒါနဲ့ မူလ Website တွေကို ထပ်မရပ်ဘဲ Test Monitor တစ်ခု သီးသန့်ဖန်တီးပြီး မရှိတဲ့ Domain တစ်ခုနဲ့ စမ်းကြည့်ခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ Telegram ထဲကို—

[Telegram Alert Test] [🔴 Down]

ဆိုတဲ့ Message ရောက်လာခဲ့တယ်။

အဲဒီအချိန်မှာ Telegram Notification ပို့တဲ့စနစ် အလုပ်လုပ်နေကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ မူလ Website ကို စမ်းသပ်တုန်းက Alert မရောက်ခဲ့တဲ့ အကြောင်းရင်းကိုတော့ သီးခြားစစ်ဆေးဖို့ လိုနေသေးတယ်။

ဒီကနေ သင်ခန်းစာရလိုက်တာက Tool တစ်ခုကို Install လုပ်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ Notification Setting၊ Retry Setting နဲ့ Log တွေကိုပါ စစ်ဆေးပြီး Alert တကယ်ရောက်မရောက် စမ်းသပ်ထားဖို့ လိုတယ်။

နိဂုံးချုပ်

အစကတော့ ကိုယ့် Website တွေ ခဏခဏ Down ဖြစ်နေလို့ စိတ်ညစ်ပြီး အချိန်မီသိနိုင်မယ့် နည်းလမ်းကို လိုက်ရှာခဲ့တာပါ။ အဲဒီလိုနဲ့ Uptime Kuma ကို တွေ့ခဲ့တယ်။ ကိုယ်တိုင် Install လုပ်၊ Website တွေ Monitor ထည့်၊ Telegram ချိတ်ဆက်ပြီး စမ်းသပ်ကြည့်ခဲ့တယ်။

Website တွေကို စောင့်ကြည့်နိုင်တဲ့စနစ်တစ်ခု ရလာတာအပြင် Monitoring နဲ့ Notification တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုလည်း လက်တွေ့လေ့လာခွင့်ရခဲ့တယ်။

ကိုယ့်လို Website တွေကို ကိုယ်တိုင်စီမံခန့်ခွဲနေရတဲ့ Developer တွေအတွက်တော့ Uptime Kuma က လေ့လာစမ်းသပ်ကြည့်သင့်တဲ့ Tool တစ်ခုလို့ ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကနေ အသုံးဝင်တဲ့ Tool တစ်ခုကို ရှာတွေ့ခဲ့တာပေါ့။ 🚀

What do you think about this article?