လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကျွန်တော်တို့ အမြဲတမ်း တစ်ခုခုကို ရှာနေကြတယ်။
တချို့က အကျိုးအမြတ် ရှာတယ်။
တချို့က ယုံကြည်မှု ရှာတယ်။
တချို့က ခင်မင်မှု ရှာတယ်။
တချို့ကတော့ ကိုယ့်အတွက်ပဲ အဆင်ပြေဖို့ ရှာတယ်။
ဒါပေမယ့် ကျွန်တော် ပိုသဘောကျတဲ့ ဆက်ဆံရေးပုံစံတစ်ခုရှိတယ်။
Win-Win.
ကိုယ်လည်း အဆင်ပြေတယ်။
သူလည်း အဆင်ပြေတယ်။
ကိုယ်ရတာကြောင့် သူမနစ်နာဘူး။
သူရတာကြောင့် ကိုယ်မနစ်နာဘူး။
နှစ်ဖက်စလုံးက ဒီဆက်ဆံရေးထဲကနေ တစ်ခုခုရတယ်။
ဒါက လူတွေအကြားမှာပဲ မဟုတ်ဘူး။
Software တစ်ခုရေးတဲ့ Developer တစ်ယောက်နဲ့ User ကြားမှာလည်း ဒီသဘောတရားရှိတယ်။
Developer က Software ရေးတယ်။
User က သုံးတယ်။
Developer က ဝင်ငွေရတယ်။
User က သူ့ပြဿနာကို ဖြေရှင်းနိုင်တယ်။
ဒါဆို နှစ်ဖက်လုံး Win ဖြစ်တယ်။
ဒါပေမယ့် Software က User အတွက် အသုံးမဝင်ဘူးဆိုရင်?
Developer ကတော့ ပိုက်ဆံရသွားတယ်။
User ကတော့ ပိုက်ဆံပေးပြီး ဘာမှမရဘူး။
အဲ့ဒါ Win-Win မဟုတ်ဘူး။
လူတွေရဲ့ ဆက်ဆံရေးမှာလည်း အတူတူပဲ။
လူတစ်ယောက်ကို အသုံးချတာနဲ့ ဆက်ဆံတာ မတူဘူး
လူတစ်ယောက်နဲ့ ပေါင်းသင်းတဲ့အခါ ကိုယ်အဆင်ပြေဖို့ သူ့ကိုပဲ အသုံးချနေရင် အဲ့ဒါ ဆက်ဆံရေးမဟုတ်တော့ဘူး။
Transaction ဖြစ်သွားပြီ။
သူ့ဆီက လိုတာရတဲ့အချိန် ခင်တယ်။
လိုတာမရှိတော့ရင် မခင်တော့ဘူး။
သူက ကိုယ့်အတွက် အမြဲပေးနေရတယ်။
ကိုယ်ကတော့ အမြဲယူနေတယ်။
ဒီလိုဆက်ဆံရေးမှာ တစ်နေ့နေ့တော့ Balance ပျက်သွားမယ်။
ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ Software မဟုတ်ဘူး။
ကိုယ်က Feature တစ်ခုလို သုံးချင်သလို သုံးလို့မရဘူး။
သူ့မှာလည်း ခံစားချက် ရှိတယ်။
သူ့မှာလည်း အကန့်အသတ် ရှိတယ်။
သူ့မှာလည်း ကိုယ့်လိုပဲ တန်ဖိုးထားခံချင်တဲ့စိတ် ရှိတယ်။
လူက သဘောကောင်းတာနဲ့ စောက်တုံး စောက်အ ဖြစ်တာ မတူဘူး
ဒီအချက်က အရေးကြီးတယ်။
သဘောကောင်းတာကို လူတချို့က အားနည်းတာလို့ ထင်တတ်ကြတယ်။
ကိုယ်က နားလည်ပေးတယ်။
သူက ထပ်လုပ်တယ်။
ကိုယ်က ခွင့်လွှတ်တယ်။
သူက ထပ်လုပ်တယ်။
ကိုယ်က မပြောဘူး။
သူက ပိုပြီး လွန်လာတယ်။
နောက်ဆုံးမှာ—
ကိုယ်က သဘောကောင်းတာ မဟုတ်တော့ဘူးလို့ သူတို့ထင်တယ်။
“ဒီကောင်က ဘာလုပ်လုပ် ခံမှာပဲ” လို့ ထင်လာတယ်။
ဒီအချိန်မှာ ပြဿနာက သဘောကောင်းတဲ့သူဘက်မှာ မဟုတ်ဘူး။
သဘောကောင်းမှုကို အခွင့်အရေးယူတဲ့သူဘက်မှာ ဖြစ်နေတယ်။
ဒါပေမယ့် လူတစ်ယောက်က ဘာကြောင့် ပြောင်းသွားတာလဲ?
လူတစ်ယောက် ပြောင်းလဲသွားတဲ့အခါ သူ့ကို “အရင်ကလဲ ဒီလိုလူပဲ” လို့ ထင်လွယ်တယ်။
ဒါပေမယ့် တစ်ခါတလေ—
သူက အရင်က အဲ့လိုလူ မဟုတ်ခဲ့ဘူး။
သူက ယုံခဲ့တယ်။
သူက နားလည်ပေးခဲ့တယ်။
သူက ကူညီခဲ့တယ်။
သူက အခွင့်အရေးပေးခဲ့တယ်။
ဒါပေမယ့် သူပေးသမျှကို တစ်ဖက်က အခွင့်အရေးယူခဲ့တယ်။
တစ်ကြိမ်။
နှစ်ကြိမ်။
သုံးကြိမ်။
အကြိမ်ကြိမ်။
နောက်ဆုံးမှာ သူ့စိတ်ထဲမှာ Logic တစ်ခု ပေါ်လာတယ်။
“ငါကောင်းပေးလေလေ ငါပဲ နာလေလေဆိုရင် ဘာလို့ကောင်းပေးနေဦးမှာလဲ?”
အဲ့ဒီအချိန်မှာ လူတစ်ယောက်ရဲ့ သဘောထားက ပြောင်းလာတယ်။
အရင်က ယုံလွယ်တယ်။
နောက်ပိုင်း မယုံတော့ဘူး။
အရင်က ကူညီတယ်။
နောက်ပိုင်း မကူညီတော့ဘူး။
အရင်က နားလည်ပေးတယ်။
နောက်ပိုင်း “မင်းကိစ္စ မင်းရှင်း” ဖြစ်လာတယ်။
လူတွေကတော့—
“အရင်က သဘောကောင်းတဲ့ကောင် ဘာဖြစ်သွားတာလဲ?”
လို့ မေးကြတယ်။
တကယ်တော့ သူက တစ်ညတည်းနဲ့ မပြောင်းသွားဘူး။
သူ့ကို ပြောင်းလဲအောင် အတွေ့အကြုံတွေက တဖြည်းဖြည်း သင်ပေးသွားတာ။
Technology မှာလည်း ဒီ Principle ရှိတယ်
Technology ကိုကြည့်ရင်လည်း အတူတူပဲ။
Developer က User ကို မစဉ်းစားဘဲ ကိုယ်ရေးချင်တာပဲ ရေးရင် Product ကောင်းတစ်ခု ဖြစ်ဖို့ခက်တယ်။
User ကလည်း Developer ကို မစဉ်းစားဘဲ အရာအားလုံးကို အခမဲ့ရချင်နေမယ်ဆိုရင် Product တစ်ခု ရေရှည်တည်တံ့ဖို့ခက်တယ်။
Open Source Project တစ်ခုဆိုရင်တောင်—
Developer က အချိန်ပေးတယ်။
Community က အသုံးပြုတယ်။
တချို့က Bug Report ပေးတယ်။
တချို့က Contribution လုပ်တယ်။
တချို့က Sponsor လုပ်တယ်။
တစ်ဖက်က ဖန်တီးတယ်။
တစ်ဖက်က တန်ဖိုးပြန်ပေးတယ်။
ဒီလို Ecosystem တစ်ခု ဖြစ်လာတဲ့အခါ Technology က ပိုရှင်သန်လာတယ်။
လူတွေရဲ့ ဆက်ဆံရေးမှာလည်း ဒီလိုပဲ။
တစ်ဖက်တည်းက အမြဲပေးနေရတဲ့ Relationship က ရေရှည်မတည်တံ့ဘူး။
Win-Win ဆိုတာ နှစ်ဖက်လုံး တူတူရတာ မဟုတ်ဘူး
ဒါလည်း နားလည်ထားဖို့လိုတယ်။
Win-Win ဆိုတာ—
ကိုယ်ရတာနဲ့ သူရတာ တိတိကျကျတူရမယ် လို့ ဆိုလိုတာမဟုတ်ဘူး။
ကိုယ်က ပိုက်ဆံရတယ်။
သူက အချိန်ရတယ်။
ကိုယ်က အတွေ့အကြုံရတယ်။
သူက Solution ရတယ်။
ကိုယ်က Connection ရတယ်။
သူက Knowledge ရတယ်။
တန်ဖိုးတွေက မတူနိုင်ဘူး။
ဒါပေမယ့် နှစ်ဖက်စလုံးက ဒီဆက်ဆံရေးထဲကနေ ကိုယ့်အတွက် တန်ဖိုးတစ်ခု ရနေတယ် ဆိုရင် Win-Win ဖြစ်နိုင်တယ်။
ကိုယ့်ကိုယ်ကိုလည်း မေးကြည့်သင့်တယ်
ဘယ်သူနဲ့ပဲ ပေါင်းပေါင်း—
“ငါ ဘာရမလဲ?”
ဆိုတာတစ်ခုတည်း မမေးဘဲ—
“သူ့အတွက် ငါဘာပေးနိုင်လဲ?”
လို့လည်း မေးသင့်တယ်။
တစ်ချိန်တည်းမှာပဲ—
“ဒီလူနဲ့ ဆက်ဆံနေတာက ငါ့အတွက်လည်း ကောင်းရဲ့လား?”
လို့ ပြန်မေးရမယ်။
အမြဲတမ်း ကိုယ်ပဲ ပေးနေရတယ်ဆိုရင် Balance မရှိဘူး။
အမြဲတမ်း သူပဲ ပေးနေရတယ်ဆိုရင်လည်း Balance မရှိဘူး။
ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာ နှစ်ဖက်စလုံးက တန်ဖိုးထားပြီး ထိန်းသိမ်းရတဲ့အရာပါ။
နောက်ဆုံးမှာ
လူတစ်ယောက်ကို သဘောကောင်းကောင်း ဆက်ဆံတာဟာ မမှားဘူး။
နားလည်ပေးတာလည်း မမှားဘူး။
ခွင့်လွှတ်ပေးတာလည်း မမှားဘူး။
ဒါပေမယ့်—
ကိုယ့်ရဲ့ သဘောကောင်းမှုကို တစ်ဖက်က အမြဲတမ်း အခွင့်အရေးယူနေတယ်ဆိုရင် အဲ့ဒါကို သဘောကောင်းမှုလို့ ဆက်ခေါ်နေဖို့ မလိုတော့ဘူး။
Boundary ဆိုတာ လူဆိုးဖြစ်လာတာမဟုတ်ဘူး။
ကိုယ့်တန်ဖိုးကို ကိုယ်သိလာတာ။
Technology မှာ Product ကောင်းတစ်ခုဆိုတာ Developer နဲ့ User နှစ်ဖက်လုံးအတွက် တန်ဖိုးဖန်တီးပေးနိုင်ရမယ်။
လူမှုဘဝမှာလည်း Relationship ကောင်းတစ်ခုဆိုတာ နှစ်ဖက်လုံးအတွက် တန်ဖိုးရှိရမယ်။
တစ်ဖက်တည်း အမြဲနိုင်ပြီး တစ်ဖက်တည်း အမြဲရှုံးနေတဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မလဲ?
အဖြေက ရိုးရိုးလေးပါ။
တစ်နေ့မှာ ရှုံးနေတဲ့သူက ထွက်သွားလိမ့်မယ်။
ဒါမှမဟုတ်—
အရင်က သဘောကောင်းတဲ့သူက
“မင်းအတွက် ငါဘာမှ မလုပ်ပေးတော့ဘူး”
လို့ ပြောလာလိမ့်မယ်။
အဲ့ဒီအချိန်မှာ သူက ရုတ်တရက် လူဆိုးဖြစ်သွားတာ မဟုတ်ဘူး။
သူက Win-Win မရှိတဲ့နေရာမှာ ဆက်မကစားချင်တော့တာပဲ။
ဒါကြောင့်—
Software ရေးရင် User အတွက် Win-Win ဖြစ်အောင် ရေးပါ။
Business လုပ်ရင် Customer အတွက် Win-Win ဖြစ်အောင် လုပ်ပါ။
လူတွေနဲ့ ပေါင်းသင်းရင်လည်း နှစ်ဖက်စလုံး Win ဖြစ်အောင် ပေါင်းသင်းပါ။
ဘာလို့လဲဆိုတော့—
ကိုယ်တစ်ယောက်တည်း နိုင်တဲ့အရာတွေထက်
နှစ်ဖက်စလုံး နိုင်နိုင်တဲ့အရာတွေကပဲ ရေရှည်တည်တံ့တတ်လို့ပါ။