memory
To the One Closest to Me
ကိုယ် အဆင်မပြေတဲ့အခါ
ကိုယ့်ရဲ့ ဒေါသတွေကို ခံရသူ၊
ကိုယ် မပျော်တဲ့အခါ
ကိုယ့်ရဲ့ ပြဿနာရှာမှုတွေကို ခံရသူ၊
ကိုယ်နဲ့ အရင်းနှီးဆုံးဖြစ်လို့
ကိုယ့်ရဲ့ အဆိုးဆုံးအခြမ်းတွေကို
အခံရဆုံးသူ…
ကိုယ့်ရဲ့ အရင်းနှီးဆုံးခလေးလေးရေ
ဒီထပ် ပိုပြီး ဂရုစိုက်ပါတော့မယ်နော်
ဘုဏ်းခသူ